Saturday, September 22, 2007

ကိုခိုင်ဇော် နှင့်ဆွေးနွေးခြင်း

အချစ်ဆိုတာ အစားထိုးလို့မရဘူးလို့ထင်ပါတယ်...
သေဆုံးသွားပြီးနောက် အသစ်ထပ်ဖြစ်နိုင်တယ်
နောက်ထပ်တစ်ဘ၀ပေါ့နော်..

သေဆုံးခါစတော့ တော်တော်ခံစားရပါတယ်...
နောက်တော့မေ့တေ့တေ့...တစ်ခါတစ်ရံလဲ
သတိရတာပေါ့နော်....

ဘ၀တွေက ပြောင်းနေမှာပါပဲလေ...
ဘ၀ကူးကောင်းဖို့က အဓိကပဲပေါ့.......................

ဟုတ်ပါတယ်ကိုခိုင်ဇော်ပြောတာ အချစ်ဟာ အစားထိုးလို့တော့ ထပ်တူထပ်မှ ဘယ်ရနိုင်ပါ့မလဲ သို့သော်လဲဘဲပေါ့လေ မတူညီတဲ့ ခံစားမှုမျိုးနဲ့ အခြားတစ်ဦးကိုမေတ္တာတွေထပ်ပေးလိုက်တာ ဟာ သစ္စာမရှိတာ မဟုတ်သလို ထပ်တူညီ အစားထိုးမှုလည်းမဟုတ်ပါဘူ ကိုခိုင်ဇော် အပြောမှာလဲပါပြီးသားပါ နောက်တော့ မေ့တေ့တေ့ ဆိုတာ ကြာတော့လည်းမေ့သွားမှာပါ ပြစ်သွားသူအတွက် အချိန်ကုန်မခံပါနဲ့ နော် ဟဲ ဟဲ ကိုခိုင်ဇော်က သူ့ ကိုအပြစ်သွားမခံရပါဘူးတဲ့ နော်

3 comments:

Khaing Zaw said...

ကျွန်တော့်ကိုပြစ်မသွားပါဘူးဗျာ.....

Unknown said...

ကျွန်တော်လည်း ကျန်ရစ်ဖြစ်တော့မလား မသိတော့ဘူးဗျာ
အဲလိုဖြစ်ခဲ့ရင် ခံနိုင်ရည်ရှိအောင် ဘယ်လိုကြိုးစားရမယ်မှန်းမသိသေးဘူး

Unknown said...

ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ...
ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးအရမ်းချစ်ကြတယ်ဗျာ၊ နှစ်ဦးလက်ထပ်ကြဘို့ဆုံးဖြတ်ပြီးသားပါ၊ ဒါပေမယ့်တစ်နေ့မှာတော့ သူက ကျွန်တော့်နဲ့အရမ်းဝေးတဲ့တပြည်ခြားကို လအနည်းငယ်ကြာသွားခဲ့ရတဲ့အချိန်မှာ ချစ်သူအသစ်တွေ့လာတယ်၊ ပြန်ရောက်တော့ကျွန်တော့်ကို သူတို့အကြောင်း သူအကုန်ပြောပြတယ်၊အဲဒီကာလကတော့ ကျွန်တော်လည်း ခံနိုင်ရည်ရှိအောင်ကြိုးစားမယ်ဆိုပြီ သူ့ကိုလည်း အဆင်ပြေအောင်နေပေါ့ဆိုပြီး အေး၂ဆေး၂ပဲပေါ့ ၊ဒါပေမယ့်ဗျာ ရက်အနည်းကြာလာတော့ သူ့နဲ့မကြာမကြာအဆက်အသွယ်ပြန်လုပ်ဖြစ်တယ်၊ သူအကြာင်းကိစ္စနဲ့ဒီကိုရောက်လာရင် တွေ့ဖြစ်တယ် ၊သူကမေးတယ် သူ့ကို မမုန်းဘူးလားတဲ့၊ ကျွန်တော် သူ့ကို့ဘယ်တော့မှ မမုန်းနိုင်ဘူး သူကလေး ကျွန်တော့်ကို အမြဲသတိရနေတယ်တဲ့၊ ခုတော့ သူနဲ့ကျွန်တော် တစ်ပတ်တစ်ကြိမ်လောက် ဖုန်းအဆက်အသွယ်ရှိတယ်၊ သူ့ကောင်ကလည်း သူ့နဲ့အတူရှိနေတယ်(အလုပ်ကအတူတူလုပ်နေကြတယ်) သူတို့လက်ထပ်ဖြစ်မယ်ထင်တယ်၊ ဒါပေမယ့် သူ့က ကျွန်တော်ကို့ဘဲပိုချစ်တယ်တဲ့ဗျာ၊ သူကိုမေးတော့ ဆုံးဖြတ်ချက် မချသေးပါဘူးတဲ့ ... ကျွန်တော်က ကျန်ရစ်ဖြစ်မှာလား? ဒါပေမယ့် သူ့စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးထားပါတယ်၊ သူတစ်ခြားနဲ့လက်ထပ်သွားလည်း ... ကိုကတော့ သူ့ကို မမုန်းနိုင်ပါဘူး............ ကဲ ဘယ်လိုအဓိပ္ပါယ်လဲနော်....