Tuesday, October 16, 2007

အော်မျိုးဟန်အတွက်

မျှားနတ်မောင်ရေ ရှာလိုက်ရတာ ခုကျွန်တော့ကောင်မလေးပျောက်နေလို့ ရှာပေးဦး ဆိုတဲ့ ကိုအောင်မျိုးဟန် ရေ

ထားတက်တဲ့နေရာလေးတွေမှာလိုက်ရှာပါ
ယနေ့ကောင်းကင် ဇာတာခွင်အရ ဖိနပ်ချွတ်နား တို့
ရေစင်အောက်တို့
မှာရှာကြည့်ပါ အဲဒါမှမတွေသေးရင် ကောင်မလေးဓာတ်ပုံပြပြီး မြှာနတ်မောင် မှာကြော်ငြာနိုင်ပါတယ်
ကြော်ငြာခကတော့ ၁ သိန်းခွဲ အနဲဆုံးပါ
အလွတ်စုံထောက်များ ငှားရမ်းလိုပါက ကူညီပါမည်
သို့သော်စိတ်မပူပါနှင့် မကြာခင်ပြန်တွေပါမယ် တစ်ယောက်ထဲ ပြန်တွေ့မှာလား နှစ်ယောက်တွဲပြန်တွေ့ မှာလား ဆိုတာတော့ နက္ခတ်ကြည့်ရာ မိုးနဲနဲ အုံ့နေပါသဖြင့် မတွေ့ပါ

Friday, October 12, 2007

နှင်းပွင့်လေး မီးလေးနှင့် ခိုင်လေးဖြူအတွက်

you တို့သုံးဦးကြားဖူးမှာပါ အဆိုးအကောင်း ဆိုတာ ပေါင်းကြည့်မှသိတယ်ဆိုတာ လေ ဒီတော့ကိုယ်ချစ်တဲ့ သူက ကိုယ့်ကိုဘယ်လောက်ချစ်မချစ်သိချင်ရင် အဲဒီအမျိုးသာနဲ့ လက်သာထပ်လိုက် ဟဲ ဟဲ ယူတို့ကိုရာထူးတိုးမပေးဘူး
ဆိုရင်တော့ တကယ်ချစ်တယ်လို့သာ သတ်မှတ်လိုက်ပေတော့.....ရည်းစားဘ၀မှာတော့ အလိုလိုက်မှာဘဲလေ ခဏလေးဘဲ တွေရတာကို သိချင်ရင်တော့ ဒါအကောင်းဆုံးနည်းပါဘဲ ဟဲ ဟဲ

Sunday, September 23, 2007

နှင်းဆီဖြူအတွက်

အချစ်ဦးနဲ့အချစ်သစ်နဲ့ဘယ်တူပါ့မလဲ တဲ့နှင်းဆီဖြူ ဆြိုပီးရေးသွားတာ

ဟုတ်ပါတယ် နှင်းဆီဖြူရေ ဒါပေမယ့် အချစ်ဥိးဟာ အချစ်ဆုံးဖြစ်ချင်မှဖြစ်သလို
အချစ်သစ်ဟာလဲ အချစ်စစ်ဖြစ်တက်တာကိုတော့ သတိရပါနော်.....
ဒါကြောင့် အချစ်ဦး နဲ့ အချစ်ဆုံး ရဲ့ တူညီချင်းမတူညီချင်းထက် အချစ်စစ်နဲ့ ချစ်မိခြင်း
မချစ်မိခြင်း ချိန်ခွင်နဲ့ဘဲချိန်ကြည့် ရအောင်နော် အလေးတော့မခိုးကြေး

လင်းအတွက်

အသည်းကွဲနေတယ်ဆိုလို့ သူဘလောက်ကလေးကို သွားဖတ်လိုက်ပါတယ် တကယ်ပါဘဲ ကျနော်တောင်မျက်
ရည်ကျချင်ချင်ဖြစ်သွားတယ်
တကယ်ကိုခံစားချက်အပြည့်နဲ့မို့ ဘယ်လိုနှစ်သိမ့်ရမှန်းမသိဖြစ်သွားတယ်
လင်းရေ အပြင်မှာတွေ့ရင်ဆက်ပေးဖို့စူပါ ဂလုဘဲ ၀ယ်ထားလိုက်တော့မယ်
အချိန်က ကုစားသွားမှာပါ.....

Saturday, September 22, 2007

မအိမ့်၊မပန်၊ မဂျစ် အတွက်

ဦးဝေ အရင်ဆုံး မအိမ့်၊ မပန်နဲ့ မဂျစ်ကြီးကို အစွံထုတ်ပေးပါဗျို့ ..... တဲ့  ညလေးရဲ့ တောင်းဆိုသံ

ဒါကတော့ မညလေးက ကျနော့်စီဗုံးမှာ လာအော်သွားလို့ပါ .... ဒီတော့ တက်သမျှမှတ်သမျှ လမ်းညွှန်ပေးလိုက် မယ်ဗျာ လိုအပ်တာများရှိရင်လည်းထပ်မံဖြည့်စွက်နိုင်ပါတယ်
ကျနော်က သူတို့သုံးဦးကို အပြင်မှာမတွေ့ဖူးတော့ တစ်ဦးချင်းအတွက် တော့ အကြံပေးလို့မ ရဘူးပေါ့ဗျာဒီတော့ သူတို့လိုက်နာဖွယ်ရာနည်းလမ်း လေးတွေ နဲနဲ ဂျောက်ချပေးပါ့မယ်

(၁) ယောင်္ကျားလေးတွေက ရုပ်တည်ကြီးတွေနဲ့နေတဲ့ မိန်းကလေးတွေဆိုရင် ချင်းကပ်ရမှာနဲနဲ ရွံတယ်ဗျ ဒီတော့ ကိုယ်ချစ်တဲ့ ကောင်လေးကို တွေ့ရင် မျက်နှာလေးကို ချိုချိုလေးထား ....
(၂) ပြီးတော့ ရေလာမြောင်းပေး စကားလေးတွေလဲပြောပေါ့ဗျာ ....
(အခုတော့မိုးတွေရွာနေလို့ မြောင်းဖော်ဖို့က ပိုအရေးကြီးနေတယ် )
(၃) နောက်ကိုရီးယားကားတွေများများကြည့် မိန်းကလေးတွေက စပြီး ဘယ်လိုချင်းကပ်ရတယ် ဆိုတဲ့ ဗျူဟာ တွေ ကိုသိလာလိမ့်မယ့်
(ကျနော်တောင် ကိုရီးယားသွားရရင်ကောင်းမလားလို့)
(၄) ဘယ်လိုမှ မစွံခဲ့ရင်လဲ အေးဆေးပါ ဘာလို့လဲဆိုတော့ ကမ္ဘာမှာ ပြတိုက်တွေရှိပါတယ် ဟဲ ဟဲ ......
(ပြတိုက်ကလက်ခံမခံတော့ ညလေးနဲနဲ ဆွေးနွေးကြည့်ပေါ့
ကဲ ကဲ ဒီလောက်နဲ့ဘဲ ကျေနပ်နော် .... ထပ်သိချင်ရင်တော့ Pay version ဘဲ ကော်ကော်တိုက်မှ ဆက်ပြောပြ မယ်........ နော်

ကိုခိုင်ဇော် နှင့်ဆွေးနွေးခြင်း

အချစ်ဆိုတာ အစားထိုးလို့မရဘူးလို့ထင်ပါတယ်...
သေဆုံးသွားပြီးနောက် အသစ်ထပ်ဖြစ်နိုင်တယ်
နောက်ထပ်တစ်ဘ၀ပေါ့နော်..

သေဆုံးခါစတော့ တော်တော်ခံစားရပါတယ်...
နောက်တော့မေ့တေ့တေ့...တစ်ခါတစ်ရံလဲ
သတိရတာပေါ့နော်....

ဘ၀တွေက ပြောင်းနေမှာပါပဲလေ...
ဘ၀ကူးကောင်းဖို့က အဓိကပဲပေါ့.......................

ဟုတ်ပါတယ်ကိုခိုင်ဇော်ပြောတာ အချစ်ဟာ အစားထိုးလို့တော့ ထပ်တူထပ်မှ ဘယ်ရနိုင်ပါ့မလဲ သို့သော်လဲဘဲပေါ့လေ မတူညီတဲ့ ခံစားမှုမျိုးနဲ့ အခြားတစ်ဦးကိုမေတ္တာတွေထပ်ပေးလိုက်တာ ဟာ သစ္စာမရှိတာ မဟုတ်သလို ထပ်တူညီ အစားထိုးမှုလည်းမဟုတ်ပါဘူ ကိုခိုင်ဇော် အပြောမှာလဲပါပြီးသားပါ နောက်တော့ မေ့တေ့တေ့ ဆိုတာ ကြာတော့လည်းမေ့သွားမှာပါ ပြစ်သွားသူအတွက် အချိန်ကုန်မခံပါနဲ့ နော် ဟဲ ဟဲ ကိုခိုင်ဇော်က သူ့ ကိုအပြစ်သွားမခံရပါဘူးတဲ့ နော်

မြလွှာ အတွက် အဖြေ (၂)

မြလွှာကတော့ ပြောအုံးမှာပဲ... ကျေနပ်သေးဘူး...
အချစ်ကို ရော ဝေစားမျှစား လုပ်လို့ရလား..... သစ္စာဆိုတာ ထားမှ သစ္စာရှိတာမဟုတ်ဘူးလေ.... တစ်ယောက်နဲ့ တစ်ယောက်ကနားလည်နေရမှာ.... သူနဲ့ကိုယ်က သစ္စာတွေထားကြတယ် ထားအုံး..... သူမတည်တော့လို့.... ကိုယ်မတည်ဘူးဆိုတာ... ကောင်းလား.... ဒါဆိုရင်တော့ အချစ်စစ်အချစ်မှန်တွေ မဟုတ်လို့ဖြစ်မယ်.... ခိုင်မြဲတဲ့ အချစ်ဆိုတာရှိတယ်လေ... သူမရှိတော့လို့ ကိုယ်ရဲ့အချစ်တွေကို အခြားသူတစ်ယောက်ကိုပေးပြီး အသုံးချမယ်ဆိုတာ... မဖြစ်သင့်ဘူး...

အချစ်စစ်ဆိုတာကို မြလွှာက ဘယ်လိုနားလည်ထားလို့လဲ ...... အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက်ရတာ လေ ပြီးတော့ သူ့ အတွက်ဝမ်းနဲ နေမယ့်အစား အရာရာကို အကောင်းဆုံး ဖြစ်အောင်ကြိုးစား တာဟာ သူအတွက် လဲ ကောင်းတယ် ပြီးတော့ အားလုံးပြန်တွေ့တဲ့ အခါမှာ အပြုံးမပျက် ဘူး ပေါ့ နော် .... ကဲ ဟုတ်ဘူးလား ..... နောက်တစ်ဦးလည်း စိတ်ချမ်းသာ ဆိုတာ ကောင်းပါတယ်