Saturday, September 22, 2007

မအိမ့်၊မပန်၊ မဂျစ် အတွက်

ဦးဝေ အရင်ဆုံး မအိမ့်၊ မပန်နဲ့ မဂျစ်ကြီးကို အစွံထုတ်ပေးပါဗျို့ ..... တဲ့  ညလေးရဲ့ တောင်းဆိုသံ

ဒါကတော့ မညလေးက ကျနော့်စီဗုံးမှာ လာအော်သွားလို့ပါ .... ဒီတော့ တက်သမျှမှတ်သမျှ လမ်းညွှန်ပေးလိုက် မယ်ဗျာ လိုအပ်တာများရှိရင်လည်းထပ်မံဖြည့်စွက်နိုင်ပါတယ်
ကျနော်က သူတို့သုံးဦးကို အပြင်မှာမတွေ့ဖူးတော့ တစ်ဦးချင်းအတွက် တော့ အကြံပေးလို့မ ရဘူးပေါ့ဗျာဒီတော့ သူတို့လိုက်နာဖွယ်ရာနည်းလမ်း လေးတွေ နဲနဲ ဂျောက်ချပေးပါ့မယ်

(၁) ယောင်္ကျားလေးတွေက ရုပ်တည်ကြီးတွေနဲ့နေတဲ့ မိန်းကလေးတွေဆိုရင် ချင်းကပ်ရမှာနဲနဲ ရွံတယ်ဗျ ဒီတော့ ကိုယ်ချစ်တဲ့ ကောင်လေးကို တွေ့ရင် မျက်နှာလေးကို ချိုချိုလေးထား ....
(၂) ပြီးတော့ ရေလာမြောင်းပေး စကားလေးတွေလဲပြောပေါ့ဗျာ ....
(အခုတော့မိုးတွေရွာနေလို့ မြောင်းဖော်ဖို့က ပိုအရေးကြီးနေတယ် )
(၃) နောက်ကိုရီးယားကားတွေများများကြည့် မိန်းကလေးတွေက စပြီး ဘယ်လိုချင်းကပ်ရတယ် ဆိုတဲ့ ဗျူဟာ တွေ ကိုသိလာလိမ့်မယ့်
(ကျနော်တောင် ကိုရီးယားသွားရရင်ကောင်းမလားလို့)
(၄) ဘယ်လိုမှ မစွံခဲ့ရင်လဲ အေးဆေးပါ ဘာလို့လဲဆိုတော့ ကမ္ဘာမှာ ပြတိုက်တွေရှိပါတယ် ဟဲ ဟဲ ......
(ပြတိုက်ကလက်ခံမခံတော့ ညလေးနဲနဲ ဆွေးနွေးကြည့်ပေါ့
ကဲ ကဲ ဒီလောက်နဲ့ဘဲ ကျေနပ်နော် .... ထပ်သိချင်ရင်တော့ Pay version ဘဲ ကော်ကော်တိုက်မှ ဆက်ပြောပြ မယ်........ နော်

2 comments:

Anonymous said...

ဟားးဟားးး နော့အစ်မတွေကို ပြတိုက်တော့ မပို့ပါနဲ့ဂျာ.. ဦးဝေတို့တော့ ညလေးကို အချွန်နဲ့ မနေပြန်ပြီ။

Anonymous said...

ဟိုက်...း)

မြှားနတ်မောင်ပါမှ ကျုပ်တို့ စွံရမယ့်ကိန်း ရှိတယ်ဆိုပါလားး)