Saturday, September 22, 2007

မျှားပြာအတွက် ပြန်လည်ဖြေကြားခြင်း

ကိုမျှားပြာရေ အသဲကွဲနေတယ်ဆိုတာ လက်တလောမှာ တော့ အတော်နာကျင်လိမ့်မယ်။ ကိုယ်ကအချစ်များများနဲ့ ချစ်မိရင် ပိုပြီးနာကျင်နေလိမ့်မယ်။ ပြီးတော့ အဲဒိအချစ်ဟာ ကိုယ့်အပေါ် သစ္စာဖောက်တာ ခံရရင် ပိုပြီး ခံစားနေရလိမ့်မယ်ဗျ။ ဘာလုပ်သင့်လဲဆိုတာ တော့ အချိန်နဲ့သာ ဆိုင်ပါတယ်။ ခုလောလောဆယ် ခံစားနေရတာကို မခံစားပါနဲ့လို့ ပြောလို့ မရဘူးလေ။ ဒါက အသဲကွဲဖူးမှသိတာ။ အကောင်းဆုံးကတော့ ကိုယ်သူ့အကြောင်း မေ့နိုင်မယ်ထင်တဲ့ဟာ တွေကို လုပ်နေဗျာ။ ဒါပေမယ့် အရက်တော့ မသောက်နဲ့ဗျို့ အရက်သောက်ရင် ရင်ထဲက ဒဏ်ရာတွေ ပိုပြီးအန်ထွက်လာနိုင်လို့ အရက်ဟာ အချစ်အတွက် ဖြေဆေးမဟုတ်ပါဘူး။ ပြီးတော့ substitution method ဆိုတာ ပြောသလောက်မလွယ်ပါဘူး။ ရပါတယ် အစားထိုးပါ။ ဒါပေမယ့် ဒုတိယ ဟာ ဘယ်တော့မှ ပထမ မဖြစ်လာနိုင်ပါဘူးခင်ဗျာ။ ဟုတ်တယ်ဗျ။ အချစ်ဆိုတာ တစ်ယောက်ထဲကို ပုံမအောမိဖို့လိုတယ်။ အစမ်းခန့်ပေါ့ဗျာ။ သစ္စာမရှိခိုင်းတာတော့ မဟုတ်ဘူးနော်။ ယာယီပေါ့ သူ့ကို အချိန်ကာလ တစ်ခု အထိစောင့်ကြည့်သင့်တယ်။ ပြီးမှ သေချာချစ်ကြည့်သင့်တယ်။ အချစ်ဟာ ပုံသေနည်း တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတလေ ဥာဏ်နဲ့ချစ်ပြီး နှလုံးသားနဲ့ စဉ်းစားဖို့လိုတယ်ဗျ။

No comments: